Posts

မင်္ဂလာပါခင်ဗျာ...

Image
      ဒီနေ့ကတော့ ကျွန်တော် "မောင်ကာလု" ရဲ့ ကိုယ်ပိုင်အတွေးအမြင်တွေ၊ ခံစားချက်တွေနဲ့ နေ့စဉ်ဘဝ ဖြတ်သန်းမှုတွေကို စာအဖြစ် ပုံဖော်မယ့် ဘလော့လေးကို စတင်လိုက်တဲ့ နေ့လေး ဖြစ်ပါတယ်။ ကျွန်တော့် ရဲ့ မွေးတဲ့နေ့နံနဲ့ မွေးရက်နဲ့ လည်း တိုက်ဆိုင်သွားတယ်ဗျ ဒီခေတ်ကြီးထဲမှာ အရာရာဟာ အရမ်းမြန်ဆန်နေပြီး အချိန်တွေကလည်း အလိုလို ကုန်ဆုံးလို့ သွားကြပါတယ်။ အဲဒီလို ပြေးလွှားနေရတဲ့ လောကကြီးထဲမှာ ကိုယ်ပိုင်အတွေးစေ့လေးတွေကို တစ်နေရာရာမှာ စုစည်းမှတ်တမ်းတင်ထားချင်တဲ့ ဆန္ဒကြောင့် ဒီ "မောင်ကာလု" ဘလော့လေးကို တည်ဆောက်ဖြစ်ခဲ့တာပါ။ ဒီဘလော့လေးမှာ ဘာတွေဖတ်ရမလဲ? ဒီနေရာလေးဟာ သီးသန့်ဘောင်တွေ၊ ကန့်သတ်ချက်တွေ မရှိပါဘူး။ ဘဝအမြင်၊ စာပေ၊ အနုပညာ၊ နေ့စဉ်ခံစားချက်တွေနဲ့ လူမှုပတ်ဝန်းကျင်အပေါ် မောင်ကာလု မြင်ရတဲ့ ကိုယ်ပိုင်ထောင့်လေးတစ်ခု ဖြစ်နေမှာပါ။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်းဖလှယ်လို့ရမယ့် နေရာအေးအေးလေးတစ်ခုလည်း ဖြစ်စေချင်ပါတယ်။ပထမဆုံး ခြေလှမ်းမို့ လိုအပ်ချက်တွေ ရှိနိုင်သလို၊ ရှေ့ဆက်ပြီးတော့လည်း အတွေးသစ်၊ အမြင်သစ်တွေကို ပုံမှန်ဝေမျှသွားဖို့ ကြိုးစားသွားပါမယ်။မောင်ကာလုရဲ့ အတွေးကမ္ဘာလေးထဲကို လာရောက်လည်ပတ်ပြ...